မေးလေ့ရှိသောမေးခွန်းများ / အကူအညီ Center

မေးလေ့ရှိသောမေးခွန်းများ / အကူအညီ Center

Frequently asked questions

Q: mogozay.com တွင်ဈေးဝယ်သူအနေဖြင့် ကိုယ်ပိုင်စာရင်း (အကောင့်)တစ်ခု ဘယ်လိုဖွင့်ရမလဲ?

  • ပထမဦးဆုံး “My Account” သို့သွားပါ။
  • ညာဖက်ထောင့်အပေါ်ဆုံးတွင်ရှိသော "Sign up" ကိုနှိပ်ပြီး မိမိကိုယ်ရေးအချက်အလက်များကို ထည့်သွင်းဖြည့်စွက်ပါ။
  • လိုအပ်သောအချက်အလက်များကိုဖြည့်သွင်းပြီးနောက် "Submit" ကိုနှိပ်ပါ။ ဒါဆိုအကောင့်အသစ်တခု ရရှိသွားပါပြီ။
  • ထို့နောက် Mogozay မှကြိုဆိုသော အီးမေးလ်စာတစ်စောင်ကို သင်ရရှိမှာဖြစ်ပါတယ်။

Q: မိမိအကောင့်ရဲ့(ကိုယ်ပိုင်စကားဝှက်) "Password" မေ့သွားရင် ဘယ်လိုပြန်ရယူရမလဲ?

  • ပထမဦးစွာ"Your Account" သို့သွားပါ။
  • ညာဖက်ထောင့်အပေါ်ဆုံးတွင်ရှိသော "Login" ကိုနှိပ်ပါ။ သင့်၏အီးမေးလ်လိပ်စာကိုထည့်သွင်းပြီးသည်နှင့် "Proceed" ကိုနှိပ်ပေးပါ။
  • Password အသစ်(ကိုယ်ပိုင်စကားဝှက်) ပြန်လည်ရယူရန် လိုအပ်သည့်အဆင့်များကို လမ်းညွှန်ပေးမည့် အီးမေးလ်စာတစ်စောင်ရရှိနိုင်ရန် "Forgot your Password" ကိုထပ်နှိပ်ပေးပါ။

Q: မိမိအကောင့်ရဲ့(ကိုယ်ပိုင်စကားဝှက်) "Password" ကိုဘယ်လိုပြောင်းရမလဲ?

  • ပထမဦးစွာ ညာဖက်ထောင့်အပေါ်ဆုံးတွင်ရှိသော "Your Account" ကိုနှိပ်ပါ။ (အကယ်၍ မိမိအကောင့်ထဲရောက်ရှိပြီးသားဖြစ်ပါက သင့်နာမည်ကိုမြင်တွေ့နေရမှာဖြစ်ပါတယ်။)
  • "Contact Details box" ထဲက "Change Password" ရွေးပြီး ပြောင်းလဲနိုင်ပါသည်။

Q: mogozay.com တွင် ရောင်းချသောပစ္စည်းများအားလုံးသည် သုံးပြီးသားမဟုတ်သော အသစ်များဖြစ်ပါသလား?

ဟုတ်ပါတယ်။ လုံးဝမသုံးရသေးသော ပစ္စည်းအသစ်များကိုသာ ရောင်းချပေးခြင်းဖြစ်ပါတယ်။

Q:ငွေပြန်အမ်းတဲ့အချိန် ဘယ်လောက်ကြာပါသလဲ?

များသောအားဖြင့် ရုံးဖွင့်ရက် ၃ ရက်ခန့်ကြာပါတယ်။

Q: ပစ္စည်းဘယ်လိုမှာရမလဲ?

  • ပစ္စည်းမှာယူလိုပါက အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်လိုပါသည်၊
  • မိမိဝယ်ယူလိုသောပစ္စည်းကို ဈေးဝယ်လှည်းထဲသို့ထည့်ရန် “buy now” ကို နှိပ်ပါ။
  • တဖန် ညာဖက်အပေါ်ထောင့်တွင်ရှိသော "Cart" ကိုထပ်နှိပ်ပါ။
  • ငွေပေးချေရန်အတွက် "Proceed to Checkout" ကိုထပ်နှိပ်ရန်လိုအပ်ပါသည်။ ထို့နောက် မိမိမှာယူထားသောပစ္စည်းကို ပို့ဆောင်ပေးစေလိုသည့် လိပ်စာ၊ အမည် နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့အား ဖြည့်သွင်းပြီး မိမိကြိုက်နှစ်သက်သော ငွေပေးချေနည်းတစ်ခုခုအား ရွေးချယ်၍ မှာယူနိုင်ပါသည်။

Q: ဘယ်လိုငွေပေးချေရမလဲ?

  • mogozay မှာ ငွေပေးချေနိုင်သော နည်းလမ်းအမျိုးမျိုးကို အောက်တွင်ဖော်ပြထားပါသည်။
  • အိမ်အရောက်ငွေပေးချေစနစ် (သင့်ထံပစ္စည်းလက်ခံရရှိပြီးမှ ငွေသားဖြင့်ပေးချေခြင်း)
  • Credit/MPU Card မှပေးချေခြင်း
  • ဘဏ်မှတဆင့် ငွေလွှဲခြင်း

Q: အမှာပစ္စည်းများ သတ်မှတ်ချိန်အတွင်းရောက်ရှိမလာပါက ဘယ်လိုလုပ်ရမလဲ?

မိမိ၏အမှာပစ္စည်းများ သတ်မှတ်ချိန်အတွင်း ရောက်ရှိမလာခြင်းများကြုံတွေ့ရပါက ပထမဦးစွာ mogozay မှ အနူးအညွတ်တောင်းပန်ပါသည်။ မိမိ၏အမှာပစ္စည်းများ၏ လက်ရှိအခြေအနေကိုသိရှိနိုင်ရန် ကျွန်တော်တို့ဝန်ဆောင်မှုဌာန၏ ဖုန်း ၀၉ ၇၈၈ ၉၇၇ ၈၈၈ သို့ ဖုန်းဆက်၍သော်လည်းကောင်း၊ hello@mogozay.com သို့အီးမေးလ်ပို့၍သော်လည်းကောင်း အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။

Q: မိမိမှာယူလိုသောပစ္စည်းများ ဝယ်ယူပြီးပြီဖြစ်ကြောင်း ဘယ်လိုသိရှိနိုင်ပါသလဲ?

မိမိမှာယူလိုသောပစ္စည်းများ ဝယ်ယူပြီးကြောင်းအတည်ပြုပြီးပါက သင့်ဆီသို့အီးမေးလ် နှင့် သင့်ဖုန်းသို့ SMS တစ်စောင် ပေးပို့ဆက်သွယ်ပါမည်။ သင်မှာယူထားသောပစ္စည်း(များ) သိုလှောင်ရုံမှထွက်ခွာသည်နှင့်တပြိုင်နက် သင့်ဆီကို အကြောင်းကြားပေးမှာဖြစ်ပါတယ်။

Mogozay နှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက ကျွန်တော်တို့ ဝက်ဘ်ဆိုဒ်ပေါ်ရှိ စကားစမြည်ပြောရာနေရာ (Chat) မှတဆင့်လည်းကောင်း၊ hello@mogozay.com သို့အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းပါက လိုအပ်သောအကူအညီကို ကူညီဆောင်ရွက်ပေးနိုင်ပါသည်။